ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စာရေးဆရာ စောနိုင်(အသုံးချ‌ဘောဂဗေဒ)က စာပေနှလုံးသားနှင့် ခင်မင်တက်သူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာမ ဇင်(တက္ကသိုလ်)က ကလေးစာပေကြမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)က ကျေနပ်နှစ်သိမ့်မှုကိုပေးသည့် စာအုပ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က ဤခရီးနီးပြီလား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုက စာပေတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာ‌ရေးဆရာ သဘာဝကစာပေနှင့် လူမျိုးဂုဏ်ကိုမြှင့်တင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က အလေးနက်ထားဆောင်ရွက်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)က ရန်ကုန်ဧည့်သည်ကိုဖိုးဆယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)