သန်လျင်၌ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှစ်ပတ်လည်နေ့ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

သန်လျင် ဖေဖော်ဝါရီ ၂၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ တက္ကသိုလ်တည်ထောင်ခြင်း (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယမန်နေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အငြိမ်းစားပါမောက္ခချုပ်များ၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားစီမံပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး အစီအစဉ်အရ ပါမောက္ခချုပ်ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး သုတေသနစာတမ်းဖတ်ပွဲအား ကျင်းပခဲ့သည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်း(၅၁)စောင်ဖတ်ကြားတင်သွင်းခြင်းကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ နှစ်ရက်တာကျင်းပပြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ(၂၆)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)