သန်လျင်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲအခမ်းအနား ကျင်းပ

သန်လျင် ဖေဖော်ဝါရီ ၂၅

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌  နယ်လှည်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက ကျောင်းသားကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသိဉာဏ်ဗဟုသုတတိုးပွားစေရန် အားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်သို့လာရောက် စာပေများလေ့လာဖတ်ရှုကြရန်၊ ခရိုင်ရုံးတွင် နွေရာသီလူငယ်များအတွက် အတန်းပညာသာမက အတတ်ပညာများပါ တတ်မြောက်စေရေးအတွက် လူငယ်ရေးရာအခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အိမ်တွင်းမှုသင်တန်းအစရှိသော သင်တန်းများ တက်ရောက်နိုင်ရေး စီစဥ်ထားရှိမှုအတွက် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ လေ့လာကြည့်ရှုခဲ့ကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သန်လျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူ့များ အသိဉာဏ်ဗဟုသုတများတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)