မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆာင်ရွက်

မင်္ဂလာ‌တောင်ညွန့် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက်ပိုင်းက လွတ်လပ်ရေးရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

ထို့‌နောက် မြို့နယ်လဝကမှူးဒေါ်သွယ်သွယ်ငြိမ်းနှင့်ဝန်ထမ်းများသည် လွတ်လပ်ရေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိပြည်သူများအား အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦး‌‌မောင်စိုးတို့က လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်(၃)ဖြင့် အသက် ၁၈ နှစ်နှင့်အထက်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြတ်မြတ်(ပြန်/ဆက်)