ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်းကို အင်းစိန်မြို့နယ်တွင် ဆက်လက်ပေးအပ်

အင်းစိန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူရန်ပုံငွေမှ ထောက်ပံ့ငွေများထုတ်ပေးလျက်ရှိရာ ယမန်နေ့က တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းကို ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမ၌ ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် အိမ်ထောင်စု(၃၉၁)စု၊ ဝန်ထမ်း(၉၇)ဦး၊ ပြည်သူ(၁၂၇၂)ဦး စုစုပေါင်း(၁၃၆၉)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၃၈၀၀၀၀)ကို ဌာနဆိုင်ရာများပါဝင်သော အဖွဲ့(၃)ဖွဲ့ဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူများ လက်ဝယ်အရောက်ပေးအပ်နေမှုများကိုလည်း အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၊ အင်းစိန်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များကပူးပေါင်း၍ ပြည်သူများလက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာ စနစ်တကျပေးအပ်နိုင်ရေး ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်းမင်းထိုက် (ပြန်ဆက်)