ဒလမြို့နယ်၌ ရိုးရာပန်းပညာရှင်များအစည်းအရုံးမှ(ဗဟို)သို့ အလှူငွေပေးအပ်ပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ

ဒလ  ဖေဖော်ဝါရီ   ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ဒလမြို့နယ်တွင် ရိုးရာပန်းပညာရှင်များအစည်းအရုံးမှ(ဗဟို)သို့ အလှူငွေပေးအပ်ပွဲနှင့်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒလမြို့နယ်ရိုးရာပန်းပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌဦးသန်း၀င်းမှ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက်  မြို့နယ်ရိုးရာပန်းပညာရှင်များအစည်းအရုံးဥက္ကဋ္ဌဦးသန်းဝင်းမှ (ဗဟို)သို့ အလှူငွေကျပ် ၁၀၀၀၀၀၀/- နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းမင်းထိုက်မှ အလှူငွေ ကျပ် ၅၀၀၀၀၀/- တို့အားပေးအပ်လှူဒါန်းရာ  မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူးဦးဌေးအောင်က လက်ခံရယူခဲ့သည်။ ဆက်လက်၍တက်ရောက်လာသောရိုးရာပန်းပညာရှင်များမှ ဆောင်ရွက်ထားရှိမှုများကိုဆွေးနွေးတင်ပြခဲ့ကြပြီး ရိုရာပန်းပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးဌေးအောင်က ကျေးဇူးတင်စကာပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံး(ဗဟို)မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရိုးရာပန်းပညာရှင်များအစည်းအရုံးမှအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၅)ဦးတက်ရောက်ခဲ့ကြသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)