ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ဌာနဆိုင်ရာရုံးများကို ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိပြည့်ဖြိုးဟိန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည်စိုး၊ မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များလိုက်ပါ၍ အ-ထ-က(၁) စာစစ်ဌာန၊ မြို့နယ်ကော်မရှင်ရုံး၊ မြို့နယ်လျှပ်စစ်ရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများသို့ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများအား ဝန်ထမ်းတိုင်းစနစ်တကျအသုံးပြုတတ်စေရေး၊ လက်တွေ့မီးငြှိမ်းသတ်နိုင်ရေးကို လေ့ကျင့်ဆောင်ရွက်ထားရှိရန်နှင့် မီးလောင်မှုများမဖြစ်ပွားစေရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)