အင်းစိန် ဖေဖော်ဝါရီ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမြင်ဖွင့်စာပေဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမြင်ဖွင့်စာပေဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာပေဆွေးနွေးပွဲစီစဥ်သူဆရာဦးသာထက်မှ စာပေဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆရာကြီးဦးအောင်ကျော်ဆန်းက စာပေအသိပညာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိလိုသူများမေးမြန်းကြရာ ဆရာကြီးကပြန်လည်ရှင်းလင်းပြောကြားခဲ့သလို တက်ရောက်လာသူများ ကိုယ်စားပရိသတ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (အင်းစိန်)