ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမြင်ဖွင့်စာပေဟောပြောပွဲကျင်းပ 

ရွှေပြည်သာ ဖေဖော်ဝါရီ     ၂၃ 

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမြင်ဖွင့်စာပေဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အမြင်ဖွင့်စာပေဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေပြည်သာမြို့နယ်ရုံးမှ‌ဦးစီးအရာရှိ‌ဒေါ်အေးအေးမိုးက အဖွင့်အမှာစကားပြောကြားပြီး စာပေဆွေးနွေးပွဲစီစဥ်သူ ဆရာဦးသာထက်မှစာပေဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ဆရာကြီးဦးအောင်ကျော်ဆန်းက စာပေအသိပညာများကို ဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိလိုသူများမေးမြန်းကြရာ ဆရာကြီးကပြန်လည်ရှင်းလင်းပြောကြားခဲ့သလို တက်ရောက်လာသူများကိုယ်စား ဆရာသာထက်မှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)