အောင်မြေသာစံ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် သူနာပြုတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်းပြုလုပ်သော အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းပေါ်ရှိ၊ သုနာပြုတက္ကသိုလ် (မန္တလေး)၊ တော်ဝင်သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဇနီး ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ခင်ဝင်းစိန်၊ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်မီမီစိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာအကြောင်း အသိပညာပေးဟောပြောပြီး အမျိုးသမီးများအားအကြမ်းဖက်မှု ကာကွယ်ရေးအဖွဲ့ခွဲခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်သီတာအောင်က အမျိုးသမီးများအား အကြမ်းဖက်ဆိုင်ရာဥပဒေအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
၎င်းနောက် တက်ရောက်လာကြသူများက မေးခွန်းများမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြပြီး သူနာပြုတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)