မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ (PRO 1 GLOBAL) Home Center စျေး မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းအတွက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ ဈေး၌ကျင်းပခဲ့သည်။
ထို့နောက် မင်္ဂလာတောင်ညွှန့်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှုး ဦးတေဇာလင်း ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃) ဦးတို့ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းအတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါသရုပ်ပြပွဲသို့ဈးတာဝန်ခံနှင့် ဈေးသူ၊ ဈေးသား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)