ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၃
မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်နိုင်စေရန်၊ ရပ်ကွက်/ ကျေးရွာများအလိုက် ကွင်းဆင်းဟောပြောရှင်းလင်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီက သီရိမင်္ဂလာရပ်ကွက် ဓမ္မာရုံတွင် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်ဇင်ထွေးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များကို အသိပေးရှင်းလင်းကြပြီး၊ တက်ရောက်လာသူများမှ မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ အသိပေးရှင်းလင်း ဆွေးနွေးပွဲသို့ မြို့ပေါ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် အိမ်ထောင်ဦးစီးများ စုစုပေါင်း (၁၅၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)