ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြုံတွေ့လာရပါက အထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ရှင်းလင်နိုင်စေရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦး‌ဆောင်၍ (ဈ)ရပ်ကွက်၊ စက်မှုဇုန်(၁)ရှိ Unilever EAC Myanmar C.,Ltd. ၏ ဆပ်ပြာစက်ရုံ၌ ယနေ့နံနက် ၁၀ နာရီက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးငြှိမ်းသတ်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် စက်ရုံမှ ဝန်ထမ်း(၅၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်အထောက်အကူပြုယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယဉ်(၁)စီး၊ LUF 60 ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် စက်ရုံအတွင်း မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီး‌လောင်မှုတွင်ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ကယ်ဆယ်မှု သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)