ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ပါရမီရှင်လူမှုကူညီရေးအသင်း (လှော်ကား)၏ ၁၂ ကြိမ်မြောက် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းနှင့် ငွေကောက်တာဝန်ခံများအား ဂုဏ်ပြုပြုပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အသင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အသင်းနာယကကြီး ဦးသိန်းဟန်၊ အမှတ် (၂၇) ရပကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်သန်းနှင့် အသင်းဥက္ကဋ္ဌ ဦးလှသန်းတို့က အဖွင်အမှာစကား ပြောကြားပြီး အသင်းအတွင်းရေးမှူး ဦးသန်းထွေးက ပါရမီရှင်လူမှုကူညီရေးအသင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားကာ အသင်းဘဏ္ဍာရေးမှူး ဦးမြင့်သိန်းက ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပါရမီရှင် လူမှုကူညီအသင်းဝင်များထံမှ ဘဏ္ဍာငွေကောက်ခံပေးပါသော လုပ်အားအလှူရှင် အသင်းဝင်များအား အသင်းဥက္ကဋ္ဌ ဦးလှသန်းနှင့် အသင်းနာယကများအသင်းဝင်ကော်မတီများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)