ကျောက်ဆည်မြို့နယ်တွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများပြုလုပ်

ကျောက်ဆည်  ဖေဖော်ဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေးတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီး ဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသန့်ဇင်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၆)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၅)ဦးတို့က ဈေးကြီးအတွင်းမီးလောင်နေမှုအား လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ အဆောက်အဦအတွင်း ပိတ်မိနေသူ လူနာများအား Hydraulic rescue tool များအား အသုံးပြု၍ ရှာဖွေ ကယ်ဆယ်ခြင်း၊ Road traffic accident ဖြစ်ပွားမှုအား မီငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခြင်း စသည်တို့အား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

သက်မောင်ခရိုင် (ပြန်/ဆက်)