မလှိုင် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူများ၏ ဝါသီးနှံများအထွက်နှုန်းတိုးတက်စေရန်နှင့် ဝင်ငွေတိုးတက်စေရန်အတွက် အထွက်တိုးမျိုးဖြစ်သော B-31 နှင့် သွင်းအားစုများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များက အသင်းသားတောင်သူများ၏ ဝါသီးနှံများ အထွက်နှုန်းတိုးတက်စေရေး၊ ဝင်ငွေတိုးတက်စေရေးနှင့် လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်လျက် ဖက်ကုန်းကျေးရွာအုပ်စု၊ ဖက်ကုန်းကျေးရွာရှိ မိုးကြိုဝါစိုက်ပျိုးသော အသင်းသားတောင်သူ(၁၉)ဦး၊ မိုးကြိုဝါစိုက်ဧက(၃၀)အတွက် အထွက်တိုးမျိုးဖြစ်သော B-31 မျိုးနှင့် သွင်းအားစုများအား သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)