ကျောက်တံတား ဖေဖော်ဝါရီ ၂၂
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ ဆက်လက်ရှင်းလင်း ဆွေးနွေးမှုများ ပြုခဲ့ပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရပါသည်။
ယင်းအခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာ၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်၊ အဖွဲ့ဝင်(၂) ဦးစံကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ကျောက်တံတား(ပြန်/ဆက်)