မင်္ဂလာဒုံမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသူ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မင်္ဂလာဒုံမြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကောင်းညွန့်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  ယာယီနေရပ်စွန့်ခွာလာသူပြည်သူ (၄၆၃)ဦးအား တစ်ဦးလျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် ကျပ် (၉၂,၆၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်ထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာလာပြည်သူ (၄၆၃)ဦးအား တစ်ဦးလျှင်ကျပ် (၂၀၀၀၀)နှုန်းဖြင့် ကျပ် (၉၂,၆၀၀၀၀)အား ယာယီနေရပ်စွန့်ခွာလာပြည်သူများ လက်ဝယ်အရောက်ပေး အပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့အထိ နေရပ်စွန်ခွာသူပြည်သူ (၉၂၅)ဦးရှိရာ ကျန်ရှိနေသူပြည်သူများကိုလည်း လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)