ဒေါပုံ ဖေဖော်ဝါရီ ၂၂
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြန်မာနိုင်ငံဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာကာ ဒေါပုံမြို့နယ်အတွင်းသို့ လာရောက်နေထိုင်နေကြသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီ ပေးအပ်ပွဲကို ဖေဖော်ဝါရီ (၂၀)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပေးအပ်ပွဲတွင် ဒေါပုံမြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က ယာယီနေရပ်စွန့်ခွာနေရသည့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် နှစ်သောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေါပုံမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူ (၃၀၇)ဦးအတွက် စုစုပေါင်းငွေကျပ် (၆၁၄၀၀၀၀)ကို တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)