ရန်ကင်း ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ၊ရန်ကင်းမြို့နယ် အမှတ်(၇)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းသွယ်ရှိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၀န်ထမ်းများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုများအား ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းက ဝန်ထမ်းများ အနေဖြင့်မီးကြောင့်အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးထိခိုက်မှုများမရှိစေရေး၊မီးချိတ်မီးကပ်များနှင့်သဲအိတ်များ ထားရှိကြရန်၊ ရှုပ်ထွေးနေသော ဝါယာကြိုးများနှင့် ဆွေးမြေ့နေသော ဝါယာကြိုးများအား လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ရေသိုလှောင်န်ထားရှိရန်၊ ရုံးဆင်းရုံးပြန်မိန်းတင်မိန်းချခလုတ်များ သေချာစွာပြုလုပ်ပြီးမှ အိမ်ပြန်ကြရန် ရှင်းလင်းပြော ကြားပေးခဲ့ပြီး ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ပုံ အဆင့်ဆင့်၊ မီးသတ်ဆေးဘူး အသုံးပြုပုံ အဆင့်ဆင့်တို့ကိုဟောပြောဆွေးနွေးခဲ့ပြီး ရှေးဦးမီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးဝင်းဇော်နှင့်၀န်ထမ်းအင်အား စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
လှလှထွေး