ကော့မှူး ဖေဖော်ဝါရီ ၂၁
ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများ မီးလောင်မှု မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ကရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းအတွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးပြောကြားရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်နည်းများ၊မီးသတ်ဆေးဘူးအသုံးပြုနည်းများ၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကပ် ၊ သဲပုံး၊ ရေပုံး၊မီး သတ်ဆေးဘူးများအဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်လုပ်ငန်းများ လိုက်နာရမညိအချက်များအားဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ် ငြှိမ်းသတ်နည်းများ၊မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများအားလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)