စဉ့်ကိုင် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်း(၁၁၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇) ကျောင်း အပါအဝင် အခြေခံပညာကျောင်း စုစုပေါင်း (၁၂၀) ကျောင်းတို့မှ ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း မြန်မာစာဘာသာရပ်နှင့် အင်္ဂလိပ်စာဘာသာရပ် တို့ကို ဖြေဆိုလျက်ရှိပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)