ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်း ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ မှတ်ပုံတင်ထားမှုနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြင်းဘက်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးဝေဖြိုးဆောင်က “ကျွန်တော်တို့အနေနဲ့ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေကို မှတ်ပုံတင်ထားပြီး မြေပြင်မှာ အမှန်တကယ်နေထိုင်မှုရှိ/မရှိကို ယခုနှစ် ဖေဖော်ဝါရီလဆန်းမှ မတ်လကုန်အထိ (၂)လတာအတွင်း ပြီးစီးအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေခြင်းဖြစ်ပါတယ်”ဟု ပြောသည်။        

မှတ်ပုံတင်ထားသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးနေမှုအား ရမည်းသင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုး၊ ကွင်းဆင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ပြီး ယနေ့အချိန်အထိ အိမ်ထောင်စုပေါင်း (၁၀၀၀၀)ကျော် ကွင်းဆင်းစစ်ဆေးပြီးဖြစ် ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)