မဟာအောင်မြေမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု ဒုတိယနေ့ (အင်္ဂလိပ်စာ) စာမေးပွဲများ ဖြေဆို

မဟာအောင်မြေ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှု ဒုတိယနေ့ (အင်္ဂလိပ်စာ) စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် KG to Grade-4 ကျောင်းသား/ကျောင်းသူ စာရင်းရှိ ၁၉၂၈၁ ဦး ဖြေဆို ၁၉၂၅၄ ဦး ပျက်ကွက် ၂၇ ဦး၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ကျောင်းသား/ကျောင်းသူ စာရင်းရှိ ၄၆၀၀ ဦး ဖြေဆို ၅၄၉၀ ဦး ပျက်ကွက် ၁၀ ဦး၊ အထက်တန်းအဆင့် Grade-10 မှ Grade-12 ကျောင်းသား/ကျောင်းသူ စာရင်း ၃၇၀၄ ဦး ဖြေဆို ၃၆၈၆ ဦး ပျက်ကွက် ၁၈ ဦးတို့က သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဘာသာရပ်အသီးသီးအား ဖြေဆိုလျက်ရှိပြီး နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော Grade–5 နှင့် Grade-9 နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကိုဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများက မတ်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာ စာဖြေဌာနတို့၌ အသီးသီးဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဇော်မင်း