မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်လမ်းမကြီး ဘေးတစ်ဖတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သာယာလှပရေးအတွက် ရေဆိုးထုတ်အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်ပေး

မြစ်သား  ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက် လမ်းမကြီးဘေးတစ်က်တွင် မိုးရာသီကာလ ရေကြီး၊ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်‌ရေမြောင်းများတည် ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်လမ်းမကြီးဘေးတစ်ဖက်တွင် ရေစီးရေလာကောင်းမွန်မှု မရှိခြင်းကြောင့် လမ်းမပေါ်ရေတင်ကာ ရပ်ကွက်နေပြည်သူများ သွားလာရေးအခက်အခဲဖြစ်နေသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍အုတ်ရေမြောင်းများ ပြုလုပ်ကာ အရှည် (၆၇၈) ပေရှိ၊ အကျယ်(၃)ပေ၊ အနက်(၂)ပေ တူးဖော်ဆောင်ရွက်လျက်ရှိပြီး ရေစီးရေလာကောင်းမွန်စေရန် ရေဆိုးထုတ်အုတ်ရေမြောင်းတူးဖော်၍ ဆောင်ရွက်ပြီးစီးပါက မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်စေမည့်အပြင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း မြစ်သာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)