ပျော်ဘွယ်မြို့နယ်ရုံးဝန်ထမ်းများ တတ်မြောက်ထားရမည့် သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်၊ လွယ်ကူအဆင်ပြေစေရန် သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ဌာနလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သတင်းရေးသားခြင်းလုပ်ငန်းကို နည်းစနစ်မှန်ကန်စေရန်နှင့် လွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သတင်းရေးသားရာတွင် သိရှိထားရမည့် အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးပို့ချပြီး မြို့နယ်ရုံးတွင် သတင်းများ တာဝန်ခံရေးသားနေသည့် ဝန်ထမ်းတစ်ဦးကလည်း သတင်းရေးသားနည်း အကြောင်းအရာများကို မျှဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)