ကမာရွတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲများ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နေ့လယ် (၂) နာရီအချိန် ကမာရွတ်မြို့နယ် အမှတ် ၉ ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကမာရွတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝေက အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှေဖြူမင်းစံထွန်းမှ ပြည့်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောခြင်းနှင့် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူက ဖြည့်စွက် ရှင်းလင်းပေးခဲ့ပါသည်။
ထို့နောက်အခမ်းအနားတက်သို့ ရောက်လာသူများ၏ သိရှိလိုသည်များအား မေးမြန်းတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။
 ဆက်လက်၍ လေထုညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးဟောပြောပွဲအား ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဌာနခွဲ ဒုတိယဦးစီးမှူး ဦးစိုးဇော်က ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

အဆိုပါဆွေနွေးဟောပြောပွဲသို့ ကမာရွတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အင်အား (၂၀၀) ဦးခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)