သုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီးဘေးလုံခြုံရေးမီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံလက်တွေ့ သရုပ်ပြသ

သုံးခွ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံ လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်က ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကိုလက်တွေ့ သရုပ်ပြခဲ့ကြောင်းသိရသည်။

ယင်းသို့စစ်ဆေးရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန် နှင့်တပ်ဖွဲ့ဝင်များက မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်နှင့်ရုံးမှဝန်ထမ်း (၂၅)ဦးအား လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်