မော်လမြိုင် ဖေဖော်ဝါရီ ၂၁
မွန်ပြည်အတွင်းရှိ အသေးစားကုန်ထုတ် လုပ်ငန်းရှင်များသည် ဒီဂျစ်နည်းပညာများ အသုံးချ၍ Digital Marketing ဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က MSMEs လုပ်ငန်းများကို ဒီဂျစ်တယ် နည်းပညာဖြင့် ဈေးကွက်ပိုမိုအောင်မြင်မှု ရရှိစေရန်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အွန်လိုင်းမှတဆင့် လုပ်ငန်းမှတ်ပုံတင်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် E-Commerce Website ကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ၊ Online Registration အသုံးပြုနိုင်မည်ဆိုပါက ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ပါကြောင်းနှင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချသူများအနေဖြင့် Online စနစ်ဖြင့်ရောင်းချရတွင် မှတ်ပုံတင်နိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာနတွင် ရှင်းလင်းဆွေးနွေးတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် Digital Economy ရရှိအောင် ကြိုးစားဆောင်ရွက်ရာမှဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မွန်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အသေးစားကုန်ထုတ် လုပ်ငန်းရှင်(၂ဝ)ဦး တက်ရောက်ပြီး သင်တန်းတွင် Online စနစ်ဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ၊ Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထား၊ ထုတ်ယူပုံနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ Digital Literacy and Digital Transformation in MSMEs နှင့် SSID မှ ရေးဆွဲထားသည့် E-Commerce Website ဝင်ရောက်ပုံနှင့် အသုံးပြုပုံဘာသာရပ်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်