ပျဉ်းမနား ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်၌ ပျဉ်းမနားမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သဒ္ဓမ္မပါလစာမေးပွဲ ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သဒ္ဓမ္မပါလစာမေးပွဲတွင် ပထမကြီးတန်း ၂၇ ပါး၊ ပထမလတ်တန်း ၄၀ ပါး၊ ပထမငယ်တန်း ၅၅ ပါး၊ အခြေပြုမူလတန်း ၆၃ ပါးအနက် စာဖြေရှင် ပထမကြီးတန်း ၂၇ ပါး၊ ပထမလတ်တန်း ၃၉ပါး၊ ပထမငယ်တန်း ၅၅ပါး၊ အခြေပြုမူလတန်း ၅၅ ပါး စုစုပေါင်း ၁၇၆ ပါးဖြေဆိုခဲ့ပြီး စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် မြို့နယ်သာသနာရေးမှူးရုံးတို့မှ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး စာမေးပွဲအား ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)