ရန်ကုန် ဖေဖော်ဝါရီ ၂၁
ကမာရွတ်မြို့နယ်တွင် ဝန်ထမ်းများ မီးဘေးအန္တရာယ်သတိရှိရေးနှင့် အရေးပေါ်ဖြစ်ပွားချိန်တို့တွင် လက်တွေ့မီးငြှိမ်းသတ်နိုင်စေရေးအတွက် ဟောပြောပွဲနှင့် သရုပ်ပြသခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းရုံးခန်းမ၌ လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြာင်း သိရပါသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဝင်ထွန်းမှ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးသတိမူရေးနှင့် အရေးပေါ်ဖြစ်ပွားချိန်တို့တွင် ဆောင်ရွက်ရမည့်အချက်များနှင့် မီးငြှိမ်းသတ်နိုင်စေရေးတို့ကိုဟောပြောခဲ့ပြီး မီးငြှိမ်းသတ်မှုအခြေအနေတို့အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း အထွေထွေမန်နေဂျာနှင့်၀န်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)