တပ်ကုန်း ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သဖန်းချောင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာ တာဝန်ရှိများက ၂၀၂၄ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၈၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ ပေ၊ အနံ ၂၁ ပေ၊ တစ်ထပ်အဆောက်အဦသစ် တည်ဆောက်ခြင်းနှင့် ဒေသခံဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း၊ မကြာမီရက်တွင် ကျေးလက်နေပြည်သူများ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်ကော်မတီ၊ စာအုပ်၊ စာစောင်များ စုံလင်စွာဖြင့် စာပေဖတ်ရှုရတော့မည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်