ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ နန်းဦးကျောင်းတိုက်တွင် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်အိတ်များအား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ နေပြည်တော်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင်၊ ရွှေကြာပင်ရပ်ကွက်၊ နန်းဦးကျောင်းတိုက် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥဇ္ဇောတထံ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ဆန်အိတ် (၁၀) အိတ်အား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို နန်းဦးကျောင်းတိုက်နှင့် သုခတော်ဝင်အိမ်ယာရှင်းလင်းဆောင်တို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် သံဃာတော်တစ်ပါး၊ သီလရှင် ၆၄ ပါးနှင့် လူပုဂ္ဂိုလ် ၁၂၃ ဦး၊ စုစုပေါင်း ၁၈၈ ဦးအတွက် ငွေကျပ် ၃၇၆၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)