နေပြည်တော်ကောင်စီဝင် ‌ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

လယ်ဝေး ဖေဖော်ဝါရီ ၂၁

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ထက်ခိုင်စိုးနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာချင်းဆက် ကျောက်ချောလမ်းများအား ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ထက်လျှံဝင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လယ်ဝေးမြို့နယ် ပေတုန်း​မျှောင်ကျေးရွာအုပ်စု၊ ကံဦး-ပေတုန်းမျှောင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ QC ZCE ကုမ္ပဏီတာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ယခုဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်း ရေရှည်တည်တံ့ကောင်းမွန်ရေး ထိန်းသိမ်းစောင့်ရှောက်ရန် ကျေးရွာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)