တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းဆောင်ရွက်

တွံတေး ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရုံး/ဌာနများအား ပူပြင်းခြောက်သွေ့သည့်နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က တွံတေးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး ဦးကျော်ထူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ ဦးရဲစည်သူအောင် (SAE)နှင့် ဝန်ထမ်းများမှ စစ်ဆေးဆောင်ရွက်ခဲ့ရာ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထူးမှ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးခဲ့ရာ မီးသတ်ဆေးဗူးများအား ဝန်ထမ်းတိုင်းအသုံးပြုတတ်စေရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ထားရှိရန်၊ လျှပ်စစ်ကြောင့် မီးလန့်/မီးလောင်မှုများ မဖြစ်ပွားစေရန် လိုအပ်သည်များ အကြံပြုပြောကြားခဲ့ကြောင်း သိရှိရသည်။

တွံတေးသား