တောင်ဥက္ကလာပမြို့နယ်၌ အခမဲ့ဆံပင်ညှပ်ပေးခြင်း လာရောက်ဆောင်ရွက်

တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမကြီး‌ဘေး မြောင်းဖုံးပေါ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အခမဲ့ဆံပင်ညှပ်ပေးခြင်းများ လာရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်‌ပေးရာတွင် အနှေးယာဉ်မောင်းများ၊ Taxi ယာဉ်မောင်းများ၊ လမ်းသွားလမ်းလာရပ်ကွက်‌နေ ပြည်သူများ၊ ကလေးငယ်များ လာရောက်ဆံပင်ညှပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ဆံပင်ညှပ်ပေးခြင်းကို JAMES Professional Barber School မှ သင်တန်းသားများက ရပ်ကွက်နေပြည်သူများအား အဆင်ပြေစွာ အခမဲ့ဆံပင်ညှပ်နိုင်ရန်အတွက် ဖိတ်ခေါ်သောရပ်ကွက်များ၊ စာသင်ကျောင်းများတွင် လိုက်လံလာရောက်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)