မိုင်းခုတ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုနေကြသည်။
မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းများဖြစ်သည့် မူလတန်းအဆင့် KG မှ Grade-4 ထိ၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ထိနှင့် အထက်တန်းအဆင့် Grade-10 မှ Garde-12 အထိ ဖြေဆိုကျောင်းသား၊ကျောင်းသူပေါင်း (၃၇၂) ဦးတို့က မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေကြကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 တို့က မတ်လ( ၃ )ရက်နေ့မှ စတင်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)