မိုးနဲ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲ၊ မူလတန်းလွန်ကျောင်း၊ မူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်း အပါအဝင် အခြေခံပညာကျောင်း စုစုပေါင်း ၄၇ ကျောင်းတို့မှ ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း မြန်မာစာဘာသာကိုအေးချမ်းစွာဖြေဆိုလျက်ရှိပြီး သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)