မိုင်းယု ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းကစတင်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုနေကြကြောင်း သိရသည်။
မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းများဖြစ်သည့် မူလတန်းအဆင့် Grade-4၊ အလယ်တန်းအဆင့် Grade-6 မှ Grade-8 ထိနှင့် အထက်တန်းအဆင့် Grade-10 မှ Garde-12 အထိ ကျောင်းသား၊ ကျောင်းသူ ၁၁၃ ဦးတို့က မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် Grade-5 နှင့် Grade-9 တို့က မတ် ၃ ရက်နေ့စတင်၍ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)