မဟာအောင်မြေ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ ကြင်းတော်ယန် ဗုဒ္ဓဘာဘုရားကျောင်းခန်းမတွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ မြန်မာ-တရုတ်သံတမန် ထူထောင်ခြင်း (၇၅)နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဖူကျင်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မန္တလေး)တို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် တရုတ်အစားအစာ ချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ကျော်စိန်ထွန်းတို့နှင့် တာဝန်ရှိသူများ၊ ဖူကျင်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မင်းစိုးနှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့်အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ဦးအောင်မင်းစိုးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ဖွင့်ပွဲအခမ်းအနားပြီးစီးကာ သင်တန်းနည်းပြများမှ သင်တန်းအား ဆက်လက်ပို့ချခဲ့ကြောင်း၊ အဆိုပါသင်တန်းအား ၁၉-၂-၂၀၂၅ မှ ၂၅-၂-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း