ပေါင်မြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေး

ပေါင် ဖေဖော်၀ါရီ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူအသီးသီးက စျေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများက ကန့်သတ်တားမြစ်ထားသည့် အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော အလှကုန်ပစ္စည်းများရောင်းချနေမှု ရှိ/မရှိ တို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် အလှကုန်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)