မိုင်းဖြတ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဟိုနား(က)အသင်းနှင့် ဟိုနား(ခ)အသင်းတို့ ယှဥ်ပြိုင်ကစားရာ ဟိုနား(က)အသင်းက ဟိုနား(ခ)အသင်းကို ၄ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် ဌာနဆိုင်ရာများက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများနှင့် ပထမဆုရရှိသည့် ဟိုနား(က)အသင်း၊ ဒုတိယဆုရရှိသည့် ဟိုနား(ခ)အသင်းတို့အား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားတို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ၀မ်မိုင်ရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ မိုင်းဟဲအုပ်စု၊ ဟာကျားမုဒီ၊ ဟိုနား(က)၊ ဟိုနား(ခ)၊ ဌာနဆိုင်ရာအသင်းတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)