မိုင်းရှူး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ကွင်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်း(၉)သင်းက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်အသင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက် မီးသတ် FC အသင်းနှင့် စက်မှုဇုန်(၂)FCအသင်းတို့က ကွင်းဖွင့်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝါသနာရှင်မိဘပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)