ရန်ကုန် ဖေဖော်ဝါရီ ၁၉
ဝန်ထမ်းများမီးဘေးသတိမူရေးနှင့် အရေးပေါ်ဖြစ်ပွားချိန်တို့တွင် လက်တွေ့မီးငြှိမ်းသတ်နိုင်စေရေးအတွက် ဟောပြောပွဲနှင့်သရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံမှ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးသတိမူရေးနှင့် အရေးပေါ်ဖြစ်ပွားချိန်တို့တွင် ဆောင်ရွက်ရမည့်အချက်များနှင့် မီးငြှိမ်းသတ်ရေးတို့ကိုဟောပြောခဲ့ပြီး မီးငြှိမ်းသတ်မှုအခြေအနေတို့အား လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင်-၂ ဦးစံဌေး၊ အထွေထွေမန်နေဂျာ(စီမံ) ဦးကျော်ဇေယျနှင့်၀န်ထမ်းများ စုစုပေါင်းအင်အား(၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)