ဒဂုံ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက် ALBA international school တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယနေ့သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများဖြစ်ပွားမှုရှိသော်လည်း ကြိုတင်ကာကွယ်မှုပြုလုပ်လျှင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးလျက်ရှိရာ အသက် (၉) နှစ်မှ အသက် (၁၄) နှစ်အတွင်း အမျိုးသမီးများကို အဓိကထား၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယခင်အချိန်က အခြေခံပညာကျောင်းများတွင် စဉ်ဆက်မပြတ်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို သတ်မှတ်အုပ်စုရှိ အမျိုးသမီးများကိုထိုးပေးခဲ့ပြီး ယခုအခါ ALBA international school ကိုယ်ပိုင်ကျောင်းရှိ အသက် (၅) နှစ်နှင့် (၉) နှစ်အကြား အမျိုးသမီးငယ် (၁၅) ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
လဲ့လဲ့(ပြန်/ဆက်)