မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တရားမဝင်ဓာတ်အား သုံးစွဲမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တရားမဝင်ဓာတ်အားသုံးစွဲမှု အခြေအနေများအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ အငယ်တန်းအင်ဂျင်နီယာ(၂)၊ မီတာဖတ်စာရေးများ၊ ကျွမ်းကျင်ဝန်ထမ်းများလိုက်ပါ၍ မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး တရားမဝင်ဓာတ်အားသုံးစွဲမှု အခြေအနေများအား စစ်ဆေးခြင်းနှင့်  ဓာတ်အားခကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အများပြည်သူဓာတ်အား သုံးစွဲလျက်ရှိသည့် အိမ်သုံးမီတာ၊ စက်မှုသုံးမီတာ၊ ပုဂ္ဂလိက ထရန်စဖော်မာများ၏ ဓာတ်အားသုံးစွဲမှုအခြေအနေများ၊ ဓာတ်အားပေး ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)