လဲချား ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယနေ့နေ့လယ်(၁၂)နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် လွိုင်လင်ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညွှန့်ထွန်းမှ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လဲချားမြို့နယ် ဥပဒေအရာရှိ ဦးအောင်မြတ်သူက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာမြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)