ကျောက်ဆည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည်တက္ကသို့လ်မှ ပါမောက္ခဆရာကြီး/ဆရာမကြီးများက ကျောက်ဆည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအအထက်တန်း ကျောင်းသား/ကျောင်းသူ (၉၉၆)ဦးအား ဘာသာရပ်အလိုက် အသီးသီး ဆွေးနွေးပို့ချခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားခြင်း၊ ဘာသာရပ် သင်ခန်းစာများအလိုက် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များ ထိရောက်အောင်မြင်ခြင်းဖြင့် အခြေခံပညာအဆင့်အလိုက် အတန်းကူးပြောင်းနှုန်းမြင့်မားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)