မောက်မယ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

မောက်မယ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များဖွံ့ဖြိုးတိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်စကားဝိုင်း”ကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာကြီး ဦးကြည်လင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်“လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။

“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများ (၅)ဦးတို့က ဆောင်ရွက်ကာ G-12 မှ မောင်ဝေယံလင်းက လူငယ်နှင့်အားကစား၊ G-10 မှ မမျိုးမြတ်သူက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ G-12 မှ မောင်အောင်ခန့်ဇင်ဖြိုးက လူငယ်နှင့်မူးယစ်ဆေးဝါး၊ G-10 မှ နန်းဆုရတီလှိုင်က လူငယ်နှင့်ပညာရေး၊ G-10 မှ မပွင့်ဖူးအောင်က လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများ (၅)ဦးတို့က ပြန်လည်ဆွေးနွေးပေးခဲ့ပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)