ကလော ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၌ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ပွဲတော်ကျင်းပရေးလုပ်ငန်းဆပ်ကော်မတီအလိုက် လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာ၊ ရေရရှိရေး၊ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မည့် အခြေအနေများနှင့် သင်္ကြန်ယိမ်းအဖွဲအကများ ပြိုင်ပွဲပါဝင်မည့်အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)